ယောက်ျားလေးတွေ လိင်ဆက်ဆံပြီးတဲ့အခါ အလွယ်တကူမောသွားတာ ဘာကြောင့်လဲ
မိန်းကလေးတွေလိုမဟုတ်ဘဲ ယောက်ျားလေးအများစုဟာ လိင်ဆက်ဆံပြီးတဲ့အခါမှာ မောပန်းပြီး အိပ်ပျော်သွားတတ်ကြပါတယ်။
အနည်းစုသော အမျိုးသားတွေမှာတော့ တစ်ကြိမ်သုက်လွှတ်ပြီးတဲ့တိုင်အောင် နောက်ထပ် ဆက်ဆံနိုင်ကြသေးပေမယ့် အချို့အမျိုးသားတွေမှာ ထပ်ပြီး လိင်ဆက်ဆံပြီး အချိန် မိနစ်ပိုင်းမှ နာရီပိုင်းလောက်ကြာအောင် စောင့်ရနိုင်ပါတယ်။
အကြောင်းရင်းကို စစ်ဆေးကြည့်တဲ့အခါ အမျိုးသားတွေ သုက်လွှတ်ပြီးသွားတဲ့အခါ၊ လိင်စိတ်အထွတ်အထိပ် ရောက်သွားတဲ့အခါ ခန္ဓာကိုယ်တွင်းမှာ ဇီဝပြောင်းလဲမှုတွေ ဖြစ်ပျက်သွားတာကြောင့်ဆိုတဲ့ အဖြေကို ရှာတွေ့ခဲ့ပါတယ်။ ဒီလို ဇီဝပြောင်းလဲမှုတွေကို သုံးသပ်ကြည့်မယ်ဆိုရင်
၁။ လိင်မှုပိုင်းဆိုင်ရာမှာ အမျိုးသားတွေဟာ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရှိတဲ့ကြွက်သားတွေကို အလွန်အကျွံ အသုံးပြုရတယ်။ ဒီတော့ ပိုပြီး မောပန်းနွမ်းနယ်ရတယ်။
၂။ အမျိုးသားတွေဟာ ခန္ဓာကိုယ်လှုပ်ရှားမှု ပိုများတာ၊ နှလုံးခုန်နှုန်း ပိုမြန်လာတာကြောင့် ချွေးပိုထွက်ပြီး အားအင်ပိုကုန်စေတယ်။
၃။ အမျိုးသားများ လိင်စိတ်အထွတ်အထိပ် ရောက်တဲ့အခါ ဦးနှောက်ကနေ ပျော်ရွှင်မှုဟော်မုန်းတွေဖြစ်တဲ့ Oxytocin နဲ့ Endorphin ဟော်မုန်းတွေကို ထုတ်လုပ်ပေးတယ်။
၄။ ပျော်ရွှင်ခြင်းဟော်မုန်းတွေဟာ အမျိုးသားတွေရဲ့ လိင်စိတ်ဆန္ဒ ပြည့်ဝမှုကို ဖြစ်စေတဲ့အပြင် စိတ်နဲ့ ကြွက်သားတွေရဲ့ တင်းမာမှုကို လျော့ကျစေတယ်။
၅။ စိတ်က သက်သောင့်သက်သာဖြစ်လာတဲ့အခါ ပိုပြီး ပင်ပန်းနွမ်းနယ်မှုနဲ့ အိပ်ချင်စိတ်ကို ဖြစ်လာစေတယ်။
၆။ လိင်စိတ်အထွတ်အထိပ် ရောက်ပြီးတဲ့အခါ ဦးနှောက်ရဲ့ အခန်းတစ်နေရာမှာ အသိစိတ်၊ နိုးကြားတက်ကြွစိတ်၊ စိတ်ပိုင်းဆိုင်ရာ တွေးခေါ်ခြင်း၊ ပြုမူခြင်းအတွက် လုပ်ဆောင်မှုတာဝန်တွေ နှေးကွေးသွားပါတယ်။
အမျိုးသားများအနေနဲ့ လိင်ဆက်ဆံပြီးနောက် အလွန်အကျွံမောပန်းခြင်းမှ သက်သာစေဖို့
- ရေများများ သောက်ပေးပါ။
- ထိုးသွင်းဆက်ဆံမှုကို ဆက်တိုက်ပြုလုပ်တာထက် ကြားထဲမှာ အနားယူတာ၊ ပါးစပ်ဖြင့် နှိုးဆွတာ၊ ပွေ့ဖက်နမ်းရှုံ့တာမျိုး လုပ်ပေးပါ။
- လိင်မဆက်ဆံခင် နာရီပိုင်းအလိုမှာ ဗိုက်ဝစေမယ့် အစာတစ်ခုခုစားထားပါ။
- လိင်ဆက်ဆံပြီးနောက် လန်းဆန်းသွားအောင် ရေအေးအေးနဲ့ ချိုးပေးပါ။
- တစ်ပတ်ကို အနည်းဆုံး ၃ ရက်မှ ၅ ရက်ခန့် လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ။
- အားကစားတစ်ခုကို ပုံမှန်လိုက်စားနိုင်ရင် အကောင်းဆုံးပါပဲ။
ရဲမျိုးမြတ်